ဒီနေ့အလုပ်ထွက်ဖို့
ဖုန်းပြောရတာ
ကျွန်တော့အတွက် အခက်အခဲ တစ်ခုပါပဲ
အလုပ်မှာ အဆင်မပြေတာတွေကို
ကျွန်တော် အလုပ်ရှင်ကို ဖွင့်မပြောဘူး
ရင်ထဲမှာပဲ ပေါက်ကွဲနေတယ်။
မပျော်လာတဲ့ တစ်နေ့
အလုပ်ထွက်ဖို့ပြောရတော့တာပဲ
ဒီနေ့အဲဖုန်းပြောဖို့ကို
အချိန်တော်တော်ယူလိုက်ရတယ်။
ဆက်လိုက်တော့
ကျွန်တော် အလုပ်တွေမနိုင်လို့
ဆိုတဲ့စကားလေးပဲ
အလုပ်ရှင်က အသက်ကြီးတော့
အသံတုန်တုန်နဲ့
အေး..ဟုတ်ပြီ… ဟုတ်ပြီတဲ့။


0 Comments