ရှမ်းလေး


ရှမ်းလေး


ကျွန်တော်တို့ရုံးက စဖိုမူးပေါ့

အသက်တော့ ၂၀လောက်ပဲရှိမယ်။


ဟင်းမကောင်းရင်

အဆူအငေါက်ခံရတယ်။


ရေတင်၊ မော်တာစက်ပိတ်ဖွင့်

အဆောင်က တောက်တိုမယ်ရလဲလုပ်တယ်။


မနက်စောစော ၆နာရီလောက်

ဈေးသွားရပြီ။


သူ တရုတ်စကားလေ့လာတယ်။

သုံးလလောက်နဲ့ကို သူပြောတတ်နေပြီ။ အရေးတော့ သိပ်မတတ်ဘူးပြောတယ်။


သူ့ထက်အကြီးတွေနဲ့ သူတည့်အောင်ပေါင်းတတ်တယ်။


ဖားလဲ ဖားတတ်တယ်။


လိုင်းသုံးရင်လဲ

လူငယ်ပီပီ ဟာသကြည့်တယ်

အချိန်ကုန်တယ်။


ဒါပေ့ သူအားသာချက်က

တရုတ်စကားလေ့လာနေတဲ့             မသိတဲ့သူတွေနဲ့ video call ပြောပြီး

မေးတယ်။ အလုပ်စုံစမ်းတယ်။


သူဒီအလုပ်မှာ ခနလုပ်ပြီး

တရုတ်ဘာသာစကားရရင်

လစာကောင်းတဲ့နေရာမှာလုပ်ပြီး

သူဌေးဖြစ်ချင်တဲ့ဆန္ဒ သူ့မှာရှိတယ်။


တိုင်းရင်းသား

လယ်တယ်။ ပြောတတ်ဆိုတတ် ပေါင်းသင်းတတ်တယ်။


တစ်နေ့ ဈေးဝယ်ထွက်တော့

ဆံပင်ရှည် အသားညိုညို

လူမိုက်ပုံစံ အကိုတစ်ယောက်နဲ့

ပုခုံးပုတ်ပြီး တရုတ်လို ရယ်ပြီးပြောတော့

ဟိုကလည်း သူ့လိုပဲ ရယ်လို့ တရုတ်လို့ ပြောနေရော။


ဒါသူ့စကေးပေါ့နော

ကျွန်တော်ဆို စကားတော့ပြောလိမ့်မယ်

ဒါပေ့ ပုံမှန်လောက်ပဲ ပြောဖြစ်မယ်။


ပုခုံးပုတ်လိုက်လို့ သူမကြိုက်ဘူး ဆိုရင်

သေရော။


ကြောက်စိတ်ရှိတယ်။


နောက်ပြီး

ရည်းစားစကား၊ တော်ကီလဲကောင်း


ကိုကြီးကြိုက်လား ညီလေးပြောပေးမယ်ဆိုတာကြီးပဲ။


တစ်နေ့

ကျွန်တော် ကျောပိုးအိတ်တစ်လုံးနဲ့

အပြန် လမ်းထိပ် လာကြိုဖို့ဖုန်းဆက်တော့။


အတော်လေးကြာမှ ဟိုရှာဒီရှာနဲ့

အော်ခေါ်မှ တွေ့တယ်။


ပိတ်ရက်ဆိုတော့

ကောင်မလေး သုံးယောက်

ဖြတ်သွားတာတွေ့ရော။


ကိုကြီး အလယ်ကကောင်မလေး

ကိုကြီးကို ကြည့်သွားတယ်။


လိုက်မလားတဲ့။


ကိုလဲ လိုက်ကွာလို့

ဖရဲသီး ကပျာကယာ ဝယ်ပြီး

ဆိုင်ကယ်နဲ့ လိုက်တယ်။


ကားလမ်းဟိုဘက် 

မှတ်တိုင်မှာ ကားစောင့်နေကြတုန်း

အနီးနားရောက်တော့ ကိုကြီး

ဖုန်းနံပါတ်သွားတောင်းလေ


လူတွေအများကြီးဟ

ရှက်စရာကြီး။


ဆိုင်ကယ်ပေါ်ကဆင်းပြီး

အဲနားဝေ့လည်လည်လုပ်နေရင်း

ဖရဲသီး စား

ကောင်မလေးတွေဆီလည်း

ကြည့်လိုက် စားလိုက်နဲ့


နောက်တော့ ကောင်မလေးတေ

ရိပ်မိလို့လားမသိ


အနားက ဆိုင်ထဲ ဈေးဝယ်သွားသလားပဲ။


ရှမ်းလေးပြောပြီ ကိုကြီး ဂွင်ပဲ

နောက်ကလိုက် နံပါတ်တောင်းတဲ့


ကျွန်တော်လဲ နောက်ကလိုက်

ဖုန်းနံပါတ် ရိုက်ခါမျိုးလေးလုပ်ပေးပြီး


ဖုန်းနံပါတ်ပေးပါလား


ဆိုတော့


ရှေ့ကနှစ်ယောက်က ကြောင်သွားသလိုရှိ။


နောက်ကကောင်မလေးကတော့ ရှက်နေရော။


ကားမှတ်တိုင် လူကြားထဲတဖြည်းဖြည်းရောက်လာ

ကျနော် နံပါတ်မရသေး။


ကောင်မလေးနှစ်ယောက် ဘာတေရောပြောနေတာလဲ ကျွန်တော်နားလဲမလယ်။ နံပါတ်ပေးမယ့်ပုံမပေါ်


မသိချင်ယောင်ဆောင်နေတာ

ကောင်မလေးတွေက


အဲတော့

ရှမ်းလေးအနားရောက်လာပီ

သူက ဘောင်းဘီအိပ်ကပ်ထဲ လက်နှိုက်နေတယ်။ စတိုင်ကိုကျနေလို့သူက


ကိုယ်လဲ

ရှမ်းလေးပြန်မယ် ပေါ့

ရှက်ရှက်နဲ့


ဆိုင်ကယ်ပေါ်တက်

ပြန်လစ်လာခဲ့တယ်။


တစ်နေ့

ညဖက် ဈေးထွက်ရင်း

ကောင်မလေးတွေ လိုက်ကြည့်


ရှမ်းလေးပြောပြီ


ကိုကြီး ဒီကောင်မလေးတွေဆီက

နံပါတ်တောင်းပေးရမလား


ကြိုက်လား


မကြိုက်ဘူးညီလေး။


ကောင်မလေးတွေ ဘုန်းကြီးကျောင်းဝန်းထဲ ဝင်သွားတော့

ကိုကြီးခနနေခဲ့ဦး

ညီလေး လိုက်သွားမယ်

ဖုန်းနံပါတ်တောင်းခဲ့မယ်တဲ့


စက်ဘီးနဲ့နောက်ကလိုက်သွားလေရော


ရှမ်းလေး သူတော့ နံပါတ် ရခဲ့ပါတယ်ခင်ဗျား။

Post a Comment

0 Comments