တိုးကြီးဆံသ
Hair Cutting
ဆံပင်ညှပ်ဆိုင်ရောက်
ညှပ်ဆရာက ဦးလေးအရွယ်
သူလှည့်ဆိုလှည့်
သူထဆိုထရသဗျာ
ပထမတစ်ခေါက်က
အဆင်ပြေလို့
ခုတစ်ခေါက်ကြ
ပြီးတာတောင်မသိလိုက်ဘူး။
ဘေးတေအနားတွေက ခနခန သိမ်းတော့
မပြီးသေးဘူးပဲမှတ်တာ
ရပီတဲ့ဗျာ
ဘေးအနားလေးပါးရုံလို့
သူထင်သွားလားမသိ။
နောက်တစ်နေ့
အကိုတစ်ရောက်က
ဆံပင်ညှပ်ချင်တယ်ဆိုလို့
သူလဲအဲဆိုင်ကို မေးတာနဲ့
အစမ်းညှပ်ကြည့်မယ်ဆိုပြီး
သွားညှပ်ကြတယ်။
ဆိုင်အပြင်အဆင်လေးပြောပြဦးမယ်။
ဆိုင်နာမည်က
“တိုးကြီး”
ဆံပင်ညှပ်ဆိုင်။
ဆိုင်းဘုတ်ကို အပြင်မှာမထားဘူးဗျ။
အတွင်း ကြည့်မှန်တွေ ဘေး အပေါ်ထောင့်မှာ ထားထားတယ်။
အပြင်မှာတော့ ဗန်ဒါပင် သစ်ရွက်တွေနဲ့ဆိုတော့
ဆိုင်းဘုတ်ကိုမတွေ့ရမန်း။ သိလို့ထင်တယ်
အရိပ်ရတော့ အေးနေရော
တအားမပူတော့ဘူး။
သူ့ဆိုင်မှာ ရှိသင့်တဲ့
မီးချောင်းအရှည်းကြီးတွေ
တစ်ဖက် နှစ်ချောင်းစီ တပ်ထားတယ်။
Fuji TV ဟိုးတုန်းက TV အမျိုးစား
CD စက်
Sound Box
ရှိသဗျာ
မီးပျက်ရင်
Battery လဲဆောင်ထားသဗျာ
သူ့လုပ်ငန်းနဲ့ ဆိုင်တဲ့
ဆံပင်ညှပ်ပစ္စည်းအစုံရှိတယ်။
ခေါင်းလျှော်လှဲတဲ့ ခုံရှည်နဲ့ ဘေစင်လဲရှိတယ်
လျှော်မယ့်သူမရှိလို့လားမသိ
ဘေစင်ထဲ ကွမ်းယာ၊ တခြား တိုလီ မိုလီတွေနဲ့ ရှုပ်လို့ပြည့်လို့။
အဲခုံရှည်ပေါ်တော့ ကာစတန်မာမလာရင်
သူလှဲဖို့ပေါ့
ဟန်ကျသဗျာ အေးရာအေးကြောင်းပဲ
အလုပ်မရှိရင် လှဲနေ
ဒါပေ့ ကျနော်တို့သွားတော့
သူအိပ်ပျော်နေမယ်မှတ်တာ
သူ့ဆိုင် အဝင်ဝအနားရောက်တော့
သူထလာတယ်ဗျာ။
မဆိုးဘူးပေါ့။
ဆံပင်ဖြတ်ပီးသားတွေတော့ အောက်
ထောင့်တစ်နေရာမှာ စုပုံလို့
ရှေ့ခုံပေါ်
ဆံပင် ဖြတ်စတွေ
ရှုပ်လို့ပွလို့
ရှေ့လ ကျတော် လာညှပ်တုန်းကလဲ
အဲအတိုင်းပါပဲဗျာ။
ဆိုင်က ရှုပ်ပွလို့
ထိုင်တဲ့နေရာတော့ ဆံပင်ဖြတ်စတွေ ရှိမနေဘူး။
ချည်ပုဆိုး၊
ရှပ်အင်္ကျီ လက်တိုနဲ့
ဆံပင်ညှပ်ရင် မတ်စ်လဲတပ်ထားပြီး ညှပ်သဗျာ။
ဒီကေညှပ်ချင်လို့ ဆိုပြီး ဖုန်းထဲက ပုံပြရင်
သူက လိုက်မလိုက်
ဘလိုဘာညာပေါ့
အကြံပေးတယ်
မဆိုးဘူး။
သူ့ဆိုင် ထိုင်းရင်း ရိုက်ခဲ့တဲ့
ကိုယ်မြင်ကွင်းထဲက တစ်ခုပေါ့။
အရိပ်တော့ကောင်းတယ်။



0 Comments