တိုးကြီးဆံသ

ဆံပင်ညှပ်ဆိုင်
မနေ့က စနေ.10.2022
ညနေဘက် ဆံပင် သွားညှပ်တယ်
ဆိုင်ရှင်ဦးလေးကြီးက ဖုန်းကြည့်လို့
စက်ဘီးကို မြောင်းအဖုံးပေါ်သေချာရပ်
မြင်နေရတော့ သော့တော့မခတ်တော့ဘူး ဦးလေး
ညှပ်မယ်လို့ သူလဲထ ခနလေးနောတဲ့
ကွမ်းသွာယူလိုက်ဦးမယ်နောဆိုပြီး
မျက်နှာခြင်းဆိုင်
လမ်းတစ်ဖက်က ကွမ်းယာဆိုင်ကိုသွားတယ်
ကွမ်းက တစ်ခါထဲ ငုံခဲ့တယ်လားမသိ
ကျွန်တော်
စောင့်တာမကြာလိုက်ဘူး။
သူ.. စညှပ်ပါလေရော
ကျွန်တော််လဲစဉ်းစားနေတာ ဒီအတိုင်း
တိုရုံပဲညှပ်မလား
ပုံစံအသစ်ပြောင်းကြည့်ရင်ကောင်းမလားနဲ့
ဦးလေးကြီးက
တစ်ခြမ်းညှပ်လို့ပြီးလို့
နောက်တစ်ခြမ်းစညှပ်နေပြီ
ခနနေတော့ သူ မညှပ်ပဲ
ခနနေတဲ့အချိန်ကြမှ ခြုံထည်ကြားက
လက်လေးအသာထုတ်ပြီး
"ဦးလေး ခနနော် ဒီလိုလေ ဟိုဘက်ရော
ဒီဘက်ရော အလယ်စုထောင်လိုက်ရင်
ကောင်းမလား" လို့ ပြောတော့
"မင်းသဘောလေ ရပါတယ်"
ဟုတ်ကဲ့လို့ ကျနော်လဲ
ဆံပင်ထားချင်ပုံလေး မရှင်းပြတတ်တတ်နဲ့ ပြောပြလိုက်တယ်
ဆိုးတော့လဲ မဆိုးပါဘူး
သူ hair dryer တွေပါ ထုတ်သုံးပြီး
ဆံပင်ပုံသွင်းပေးတယ်
ဆံပင်ကပျော့တယ် ဂျယ်လူးပြီး
ပုံသွင်းဖို့ သူပြောပြတယ်။
ဘယ်လောက်လဲဦးလေးဆိုတော့
အတန်လေးကြာမှ ခါတိုင်းလိုပါပဲ တစ်ထောင်။
ကျွန်တော်လဲ ဘောင်ဘီအိပ်ကပ်ထဲနှိုက်ပြီး
"အကြွေတော့ပါမလာဘူး"
တစ်သောင်းတန်ပေးလိုက်တယ်
တစ်ထောင်တန် ကိုးရွက်ပြန်အမ်းပါတယ်။
0 Comments