အိမ်အပြန် လမ်းခွဲ

 Sat,6.5.2023


မနေ့က ညကတော့ မီတင်အတွက်

စာရွက်စာတန်းတွေလုပ်တာနဲ့

၁၀နာရီခွဲကျော်သွားတယ်


မီးက ၉နာရီမှ လာတာကိုး

သူမဆီ ဖုန်းလဲမဆက်ရသေးဘူး

အလုပ်ပြီးမှပဲ ဆက်တော့မယ် ဆိုတဲ့စိတ်နဲ့ အလုပ်လဲ လုပ်တာပေါ့

Message တော့ ကျွန်တော်ပို့ထားပါတယ်။

နောက် Viber ကနေပြီတော့

IMG_0412.jpeg

အဲလိုစာလေးရောက်လာပါတယ်


ပြန်မယ်ဆိုတာလဲ သီပြီးသားပေမယ့်

သူနေဖြစ်ဦးမလားဆိုတဲ့ စိတ်လေးနဲ့

မျှော်လင့်ချက်လေးတော့

ပျက်စီးတာပေါ့

စိတ်မကောင်းဖြစ်ရုံပါပဲ


သူ့ဆီ ဖုန်းဆက်ပြီး

အကျိုးအကြောင်းမေး

သတိရတဲ့အကြောင်း

ချစ်တဲ့အကြောင်းပြောဖြစ်ပါတယ်


သူကတော့ မဖြစ်နိုင်ပါဘူးတဲ့

အခုလို သူငယ်ချင်းပဲ 

ကောင်းပါတယ်တဲ့။

ဝမ်းနည်းတယ်။#သူဇာရယ်

#chainpauk


Post a Comment

0 Comments