Bus စီးရင်းအတွေ့အကြုံ
အလုပ်သွားရတဲ့ကားက ဒါရိုက်တော့မရောက်ဘူး
အလုပ်ရောက်ဖို့ ၁၀မိနစ်လောက် လမ်းလျှောက်ရတယ်။
ကားကတော့ ဟိုးလှိုင်သာယာဘက်ဆွဲတဲ့ကားနံပါတ် ၆၁ပေါ့
တစ်ခါတစ်လေ စပယာပါတယ်။
စပယာပါရင်က ကောင်းတာလဲရှိသလို ဆိုးတာလဲရှိတယ်
နေတတ်ရင်တော့ ကျေနပ်ဖို့ကောင်းပါတယ်.
ပထမ စပယာမပါတဲ့ အတွေ့အကြုံပြောရမယ်ဆိုရင်
ကြွေအမ်းတာ ကြာကြာမစောင့်ရဘူးပေါ့.
နောက် မှတ်တိုင်မသိလို့ ပြောပါအူးဆိုရင် ပြောပေးတယ်။
တစ်ခါတစ်လေကြ သူတို့က အပြောကြမ်းတာတို့ဘာတို့လဲရှိတာပေါ့
ရေးချင်တဲ့အကြောင်းအရာက
တစ်နေ့ ကားစီးပြန်တော့ လူတွေများတော့ စပယာက ထိုင်နေတဲ့ခုံကထ ပြောတယ်
လမ်းလေးတွေ ရှင်းထားကြပါ။ ဘေးကပ်စီးကြပါ။
ဟို အင်္ကျီအကွက်နဲ့အကိုက ဘေးနဲနဲကပ်လိုက်ပါဗျာ။
လုပ်ပါ ရုံးဆင်ချိန်လေးပဲ လူတင်ရတာမလို့ပါဗျာ။
နောက်တန်းလေးတွေက ငါးယောက်ထိုင်ပေး။
မှတ်တိုင်နီးတဲ့သူက ကြိုပြင်ထားနော်။
နဲ့ သူချည်းပဲပြောနေရော်။
နောက်ကောင်မလေး ခပ်ချောချောတစ်ယော
ကားပေါ်တက်ပြီး စပယာဘေးခုံ လွတ်နေတော့
သူဘေးနားထိုင်ရော.
အဲတော့ကြစပယာခမျာ ပါးစပ်မပါသလို့ဖြစ်သွားရော်
ကောင်မလေးနဲ့ ထိမှာဆိုးလို့လားမသိ ပြတင်းပေါက်ဘက်ကပ်ထိုင်နေရော်
အဲနောက် သူစကားမပြောတော့ မပြောတော့ဆိုတာက
ကားစီးတဲ့သူတွေကို ဟိုနားတိုး ဒီနားတိုးမပြောတော့တာ
ကားသမားနဲ့တော့ ပြောနေတယ်
စိတ်ထဲစဉ်းစားမိတယ်။
ဪ....သူတို့လမ်း လူကြမ်းပုံတာပေါက်တာ
ကောင်မလေးတွေနဲ့တွေ့တော့ကြ
နူးညံ့ပါလားပေါ့။
တချို့ကောင်မလေးတွေကြ
အဲလို ကောင်လေးတွေကို ပိုသံယောဇဉ်ရှိတတ်တယ်။
သူတို့ ပြင်ပေးရင် လိမ္မာသွားမှာပါဆိုတဲ့ သူတို့မှာရှိတဲ့မာနလေးတွေကြောင့်လဲပါတာပေါ့။


0 Comments