Mon.18.July.2022
စပ်မိစပ်ရာ ဒီနေ့စကားပြောဖြစ်တာကတော့
တိုင်းရင်းသားတစ်ယောက်နဲ့
သူ့သူငယ်ချင်းတစ်ယောက် စကောလားရှစ်ပါတယ်တဲ့
အဲတာ ရန်ကုန်လာတဲ့အကြောင်း စကောလားရှစ်က
US မှာ ရကြောင်းသူပြောပြတယ်
ကိုယ်လဲ တော်တာပေါ့လို့
ဟုတ်တယ် တော်တယ်
နောက်တစ်ယောက်ရှိသေးတယ်
နယ်သာလန်မှာ
ထိုင်းနိုင်ငံ ဒုက္ခသယ်စခန်းမှာတုန်းက တူတူနေတဲ့ သူငယ်ချင်းတွေ
အကုန် နိုင်ငံခြားရောက်ကုန်ပြီ သူပဲကျန်တော့တယ်တဲ့
ကျွန်တော်လဲပြောဖြစ်တယ် ကျွန်တော့သူငယ်ချင်းထဲမှာတော့အဲလို
စကောလားရှစ်ရတဲ့သူ တစ်ယောက်မှ မရှိဘူးလို့
သူပြောတယ်
သူ့ဦးလေးကအဲ ဒုက္ခသည်စခန်းမှာနေတာတဲ့
ဒုက္ခရောက်နေလို့တော့မဟုတ်ဘူးပေါ့ ဆရာဝန်တဲ့
အဲကဦးလေးက ခေါ်တယ်
သူ့ဆီမှာတုန်းက ဆံပင်ညှပ်သင်တယ်၊ ထိုင်းစကားသင်တယ်။
အဲမှာ သင်တန်းဖရီး တက်ချင်တာတက်
စကားပြောသင်မလား၊ ဆံပင်ညှပ်တာသင်မလားပေါ့။
ကျွန်တော့စိတ်ထဲမိုက်တယ်လို့ တွေးမိတယ်
အဲကနေမှ နိုင်ငံခြားပညာသင်တွေ အတွက်
အခွင့်အရေးတွေလည်းရှိတယ်။
အဲတာကြောင့်လားမသိ
ဒုက္ခသည်မဟုတ်တာတွေလည်း အဲမှာ လာနေကြတယ်ပြောတယ်
အိမ်တွေကတော့ အကုန်တပြေးညီဆောက်ပေးထားတယ်ပေါ့နော်
ဆိုင်ကယ်ကားတွေ ဘာတွေဝယ်စီးရင်တော့ ဒါတွေစီးနိုင်တာတောင်
ဒီမှာနေနေသေးတယ်ဘာညာ သူများအမြင်တွေတော့ရှိတာပေါ့။
နိုင်ငံခြားက ကိုးရီးယား၊ အင်္ဂလိပ်အစုံရှိတယ်ပေါ့
ဘာသာစကား အလကားသင်လို့ရတယ်။
စကားပြောဖြစ် တယ်။

0 Comments